Wednesday, November 7, 2007

My Opinion and Suggestion (2)



ကျွန်တော် မြန်မာလို လက်ကွက် မရိုက်တတ်လို့ မြန်မာလို post မတင်ဖြစ်ပါ။ ဒီတစ်ခါတော့ ကြိုးစားပြီး ရိုက်တင်လိုက်ပါတယ်။

ကျွန်တော်တို့ Blogger တွေဟာ ကိုယ်ကျိုးအတွက် ဘာမှ မမျှော်လင့်ကြဘူး ဆိုတာကို ပထမဆုံး ပြောချင်ပါတယ်။ မေးကြည့်ပါ သူငယ်ချင်း Blogger တွေရှိရင်, ကိုယ့် Blog ကိုလာပြီး Comments တွေ စာတွေ ရေးပေးထားခဲ့ရင်အရမ်းပျော်ကြတဲ့ Blogger တွေပါ။ ကိုယ့်ရဲ့ Generations တွေခေတ်မှာ ကိုယ်တို့လို မခံစားရဖို့အရေး ၊ တတ်နိုင်တဲ့ဘက်က လူထုကြီးကို သတင်းတွေ ရအောင် အားကိုးတကြီးနဲ့ တင်ပြပေးနေတဲ့ Bloggers တွေပါ။ အခုလည်း ကျွန်တော့်ရဲ့ အမြင်နှင့် အကြံလေးတွေကို မျှဝေချင်ပါတယ်.....သဘောတူရင် သတင်းလေးကို ကူညီဖြန့်ပေးကြပါ... For Our Generations ပါ။

ကျွန်တော့်ရဲ့ October မှာတင်ထားတဲ့ My Opinion and Suggestion ကိုဖတ်ထားတဲ့သူတွေ ပိုပြီးနားလည်မှာပါ။

အခုတစ်လော ဖြစ်ပျက်နေတဲ့ Myanmar အခြေအနေ၊ Gambari အေခြေအနေ တွေကို လူတိုင်း သိပြီးသားဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမ My Opinion and Suggestion မှာတင်ထားသလိုပါပဲ... သူတို့ရဲ့ ရှက်စရာကောင်းတဲ့ နိုင်ငံတော်လွှဲပေးရေး အလုပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စရင်းရှင်တမ်း လုပ်မရတော့လို့ပါ။ သူတို့မှာ နည်းလမ်းတွေရှိပါသေးတယ်... ဒါပေမဲ့ အကောင်ဆုံးနည်းလမ်းကို သူတို့ရွေးနေပါတယ်။ သူတို့ရဲ့မျိုးဆက်တွေအတွက်ပါ။

Daw Aung San Suu Kyi ကိုလည်း မလွှဲနိုင်၊ သူ့လက်အောက်လူကိုလည်း မလွှဲနိုင်၊ သူ့မှာလွှဲစရာ ဆိုလို့ အပြင်လူပဲ ကျန်ပါတော့တယ်။ သူတို့ကခေါ်နေပါတယ်... ဘယ်သူကောက်ယူမလဲလို့..... UN, US, France and China. ကျွန်တော်တို့က ဘယ်သူ့ကိုရွေးမလဲ?

Why including China? .... China ဟာ သူရင်းနှီးထားတာတွေ အများကြီးပါ။ တစ်ခြားသူတွေ ကောက်ယူတဲ့နေ့ရောက်ရင် သူလက်ပိုက်မကြည့်ရဲပါဘူး။ ကျွန်တ်ာတို့ကကော China ကို လက်ခံနိုင်မလား?

အဖြေကရှင်းနေပါတယ်.... ကျွန်တော်တို့က ရွေးရမှာပါ။ UN ရဲ့ Troop ဟာ အဆင်သင့်ပါ။ Mrs Rice က Oct 10 ကနေ စီစဉ်ပြီးသားပါ။ သတင်းကို ဂရုတစိုက် နားထောင်နေတဲ့သူတွေကတော့ သိပြီးသားဖြစ်မှပါ။ France ကလည်း သိတဲ့အတိုင်းပါပဲ... ကောက်စားချင်နပါတယ်။ ဒီအချိန်မှာ လွန်ခဲ့တဲ့ သုံးရက်က USA and China က defence အရ Hotline မှာ သဘောတူညီချက်တစ်ခုကို လုပ်လိုက်ကြပါသေးတယ်။ TODAY'S ZAMAN မှာ ကြည့်လို့ရပါတယ်...

ကဲ..... ဘယ်သူ့ကိုရွေးမလဲ ဆိုတာကတော့ ပြည်သူပြည်သားတွေရဲ့ သဘောာထားပါ။ ကျွန်တော့်အနေနဲ့တော့ China ကလွှဲရင် ဘယ်သူပဲလာလာ ဒီလူယုတ်မာကြီးအောက်က အမြန်ဆုံးနည်းနဲ့ လွှတ်ချင်နေသူပါ... အခုဖတ်နေတဲ့သူလည်း ထပ်တူဖြစ့်ခဲ့လျှင် အကြံလေး ပေးပါရစေ.....

Online က ချစ်ကိုကြီးတွေ Troops ခေါ်ဖို့ ကြိုးစားကြပါ.....

ပြည်တွင်းက လူထုကြီးကို Troops လာရင် welcome လုပ်ဖို့၊ လမ်ကြောင်းပြပေးကြဖို့ ပြောပေးကြပါ.....

ကျွန်တော့အကိုကြီးတစ်ဦးရဲ့အကြံကတော့ - အခုလောလောဆယ်မှာ မြန်မာပြည်က လဘ္ကက်ရည်ဆိုင်တွေမှာ သတင်းစာအတွင်းသတင်းဖတ်ရင် (ဖတ်ဖြစ့်ခဲ့ကြရင်) မျှက်နှာဖုံးစာရွက်ကို ဇောက်ထိုးလုပ်ပြီးမှ ဖတ်ကြပါရန်..... ပြောပေးကြပါ..... (သတင်းတော်လှန်ရေး လမ်းစဉ် တစ်ခုပါ.....)

မမေ့ကြပါနှင့် "To bring the democratically ruled country under its rule, by force if necessary".


Troops လာရင် ပြည်သူတွေ အရင်နာမယ်ဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမဲ့ ကွန်တော်တို့ လုပ်နေတာတွေဟာ ကျွန်တော်တို့အတွက်မဟုတ်ပါ..... ကျွန်တော်တို့ရဲ့ Generation(s) တွေအတွက်ပါ..... နားလည်ပေးကြပါ.....

Thanks By,
Suggestion

1 comment:

သုသျှင် (ဟံသာဝတီ) said...

ကျနော်လည်းနိုင်ငံခြားတပ်ကိုမျှော်တဲ့အထဲမှာပါပါတယ်။စစ်တပ်ထဲမှာလည်းကွဲ မယ့်သူတွေတစ်ပုံကြီးပါ။ သူတို့တစ်တွေဟာ အားကိုးစရာသာအခိုင်အမာရှိရင် ခုလက်ရှိခေါင်းဆောင်တွေကိုတော်လှန်ကြမှာသေချာပါတယ်။ ကျနော်တို့ နိုင်ငံခြားတပ်တွေအင်အားအများကြီးတောင်မလိုပါ။အားလုံးသူ့တာဝန်သူယူကြမှာပါ။